ဆေးယဉ်ပါးသော ကူးစက်ရောဂါ
  
Translated

ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးသော ရောဂါပိုးကြောင့် ဖြစ်သော ကူးစက်ရောဂါ

 

"ဆေးယဉ်ပါး ကူးစက်ရောဂါ ကိုဖြစ်စေသော အကြောင်းအရာ များစွာရှိပါသည်။ ဥပမာ-  ပဋိဇီဝ ပိုးသတ်ဆေးကို မလိုအပ်ပဲ (သို့မဟုတ်) အလွန်အကျွံ သုံးစွဲခြင်း။ ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးသော ရောဂါပိုးသည် လူတစ်ယောက် မှ အခြားတစ်ယောက် ထံ သို့ ကူးစက်နိုင်သောကြောင့် အခြားသူများ ထံ မှလည်း ဆေးယဉ်ပါး ကူးစက်ရောဂါကို ရရှိ နိုင်ပါသည်။” [1]

 

Learning point

ရောဂါပိုး က ပဋိဇီဝပိုးသတ်ဆေး ကို ယဉ်ပါးလာခြင်း ဖြစ်သည်။ သင်၏ခန္ဓာကိုယ်က ပဋိဇီဝပိုးသတ်ဆေး ကို ယဉ်ပါးလာခြင်း မဟုတ်ပါ။

 

သင်၏ခန္ခာကိုယ် က ပဋိဇီဝပိုးသတ်ဆေးကိုယဉ်ပါးခြင်း မဖြစ်ပါ။ ဘက်တီးရီးယား ပိုးကသာ မျိုးရိုးဗီဇ ပြောင်းလဲပြီး ပဋိဇီဝပိုးသတ်ဆေးကို ယဉ်ပါးလာခြင်းဖြစ်သည်။ ယေဘူယအားဖြင့် ပဋိဇီဝပိုးသတ်ဆေးက ဘက်တီးရီးယားပိုးများကို ပစ်မှတ်ထားပြီး  ယင်းတို့ကို သတ်ခြင်း၊ အားနည်းအောင် လုပ်ခြင်းဖြင့် သင့်အား ကူးစက်ရောဂါပျောက်ကင်းအောင် ကူညီပေးခြင်းဖြစ်ပါသည်။   

 

အကယ်၍ သင်ကပဋိဇီဝပိုးသတ်ဆေးယဉ်ပါးသော ဘက်တီးရီးယားပိုးကူးစက်ရောဂါ ဖြစ်ပါက သာမာန် အသုံးပြုနေသော ပဋိဇီဝပိုးသတ်ဆေးများ အသုံးပြု၍ ရမည်မဟုတ်ပါ။ ထိုအခြေအနေတွင် အလွယ်တကူ မရရှိနိုင်သော (သို့) နောက်ဆုံး အသုံးပြုစရာ  ပဋိဇီဝပိုးသတ်ဆေးများ လိုအပ်လာပါမည်။ အချို့သောအခြေအနေများတွင်  အစွမ်းထက်သော  ပဋိဇီဝပိုးသတ်ဆေးများ  အသုံးပြုစရာ မကျန်တော့သော အခြေအနေ များနှင့် ကြုံတွေ့ နိုင်ပါသည်။ ထို့အပြင် သင်၏ ခန္ခာကိုယ် မှ ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးသော ဘက်တီးရီးယားပိုး များက သင်၏မိသားစုဝင်များ နှင့် သင့်ပတ်ဝန်းကျင်ရှိ အခြားသူများ ထံသို့ လည်းရောက်ရှိ သွားနိုင်ပါသည်။

 

ဆေးယဉ်ပါး ကူးစက်ရောဂါ ကိုဖြစ်စေသော အကြောင်းအရာ များစွာရှိသော်လည်း ပဋိဇီဝပိုးသတ်ဆေး ကိုလွဲမှားစွာ အသုံးပြုခြင်း (သို့မဟုတ်) အလွန်အကျွံ သုံးစွဲခြင်းက အဓိကဖြစ်ပါသည်။ ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးသော ရောဂါပိုးသည် လူတစ်ယောက် မှ အခြားတစ်ယောက် ထံ သို့ ကူးစက်နိုင်သောကြောင့် အခြားသူများထံ မှလည်း ဆေးယဉ်ပါး ကူးစက်ရောဂါကို ရရှိ နိုင်ပါသည်။ လူနာများသည် ပုံမှန်အားဖြင့် ပဋိဇီဝပိုးသတ်ဆေးကို ၄င်းတို့ပြသနေသော ဆရာဝန်များထံမှ ရရှိပြီး (သို့) ဆေးဆိုင်မှ ၀ယ်ယူကြပြီး အချို့အခြေအနေများတွင် မှားယွင်းစွာ အသုံးပြုနေကြသည် (ဥပမာ - ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါများ အတွက် ပဋိဇီဝပိုးသတ်ဆေး သောက်ခြင်း)။

 

ပဋိဇီဝပိုးသတ်ဆေးကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်လည်း အသုံးပြုခြင်းကြောင့် သဘာဝပတ်ဝန်းကျင်များတို့လည်း ပျံ့နှံသွားပါသည်။ ပဋိဇီဝပိုးသတ်ဆေး အသုံးပြုမှုနှင့် ဆေးယဉ်ပါး ကူးစက်ရောဂါများဖြစ်ပေါ်မှုကို သေသေချာချာ မထိန်းချုပ်နိုင်ပါက အနာဂတ်တွင် ကျွန်ုပ်တို့အတွက် ကုသစရာ ပဋိဇီဝပိုးသတ်ဆေးများ မရှိတော့သော အခြေအနေများအထိဖြစ်နိုင်ပါသည်။[1]

 

သင်စိတ်ဝင်စားပြီး ပိုမိုသိရှိလိုပါက ဤနေရာကိုနှိပ်ပါ click here.

 

 

ကိုးကားချက်များ။

1 WHO. (2015). Worldwide country situation analysis: Response to antimicrobial resistance. www.who.int. ISBN 978 92 4 156494 6

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ